သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
23 Jan 2023

        စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေး နှင့် ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်သဲစုလွင်တို့သည် ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ် မြောက်နန်ချွန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

23 Jan 2023

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်၊  ဟင်္သာတမြို့နယ်တာဝန်ခံသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ(၁၇) ရက်နေ့ နေ့လယ်(၁၄:၃၀)နာရီအချိန်တွင် ရွာသာကုန်းကျေးရွာအုပ်စု၊ ဦးမြင့်စိုး၏ မုန့်ဖက်လုပ်ငန်း၌ လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

23 Jan 2023

        စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အုတ်တွင်းမြို့နယ်ဦးစီးမှူးရုံးမှ ဒုတိယမြို့နယ် ဦးစီးမှူးဒေါ်ခင်ခင်မာနှင့်အတူ ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် အုတ်တွင်းမြို့နယ် နတ်စင်ကုန်း အခြေခံပညာမူလတန်းလွန်ကျောင်းသို့လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ပုဏ္ဏားစု အခြေခံပညာမူလတန်းလွန်ကျောင်းသို့လည်းကောင်း သွားရောက်၍ ကျောင်းသားကျောင်းသူများ သိသင့် သိထိုက်သည့် အသိပညာဗဟုသုတများကို ဟောပြောဆွေးနွေး

23 Jan 2023

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ ဒုခရိုင်ဦးစီးမှူး သည် (၁၆-၁-၂၀၂၃)ရက်နေ့ နံနက်(၀၈:၃၀)နာရီအချိန်တွင် အမှတ်(၄)ရပ်ကွက်ရှိ စတိုးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

23 Jan 2023

        စားသုံးသူရေးရာဦးစီးဌာန၊ ဖြူးမြို့နယ်တာဝန်ခံရုံးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဖြူးမြို့နယ် နတ်ရေကန်အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား /ကျောင်းသူများ သိသင့်သိထိုက်သော အသိပညာဗဟုသုတများ ရရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းက ယင်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ပါသည်။

Pages