သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
03 Jan 2022

၃၀.၁၂.၂၀၂၁ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

03 Jan 2022

          ကမ္ဘာ့နိုင်ငံများတွင် ပလတ်စတစ်ထုတ်ကုန်များကို သုံးစွဲလာကြသည်နှင့်အမျှ ထိုထုတ်ကုန် များတွင် လူသားတို့၏ ကျန်းမာရေးနှင့်ဂေဟစနစ်များအတွက် အလွန်အန္တရာယ်ရှိသည့် အဆိပ်သင့် ဓာတုပစ္စည်းများ သို့မဟုတ် တည်မြဲဓာတုညစ်ညမ်းမှု (Persistent Organic Pollutants, POPs) ပါဝင်နေပါသောကြောင့် ကမ္ဘာ့လုံးဆိုင်ရာ ခြိမ်းခြောက်မှုအဖြစ်အသိအမှတ်ပြုထားပါသည်။

03 Jan 2022

        အစားအစာဘေးအန္တရာယ် ကင်းရှင်းရေးဆိုသည်မှာ ကူးစက်ရောဂါကာကွယ်ရန်အစားအစာ များကို ကိုင်တွယ်ထိန်းသိမ်းခြင်း၊ သိုလှောင်ခြင်းနှင့် ပြင်ဆင်ခြင်းလုပ်ငန်းစဉ်များတွင် စားသုံးသူ အတွက် အစားအစာ၏ အာဟာရဓာတ်အလုံအလောက်ကို ထိန်းထားနိုင်ပြီး ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည့် အစားအစာကိုဆိုလိုကြောင်း ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ အစည်း (FAO) ၏ စာတမ်းတွင် ဖော်ပြထားပါသည်။

02 Jan 2022

              “ကုန်စည်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း ထုတ်ကုန် ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပေးခြင်းကြောင့် စားသုံးသူများအနေဖြင့် ထုတ်ကုန်များအပေါ် ယုံကြည်စိတ်ချမှုရှိမည်ဖြစ်သဖြင့် လုပ်ငန်းရှင်များအနေဖြင့် မိမိ၏ထုတ်ကုန် များကို ပိုမိုထုတ်လုပ်နိုင်မည်ဖြစ်ရာ စားသုံးသူများ၏ ယုံကြည်စိတ်ချရမှုကိုရစေပြီး စီးပွားလည်းဖြစ်ထွန်းမည်ဖြစ်ပါသည်။

02 Jan 2022

           ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ကြံသီးနှံများထွက်ရှိပြီဖြစ်ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း (၃၂၀၉၄)ဧကစိုက်ပျိုးပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၂၂)တန်ခန့်ထွက်ရှိပါသည်။ ယခုနှစ်ကြံစျေးနှုန်းအနေဖြင့် စက်အရောက်စျေး တစ်တန်လျှင် (၅၄၀၀၀)ကျပ်စျေး ပေါက်သည်ကိုတွေ့ရှိရပါသည်။ ပြည်ခရိုင် ပြည်မြို့နယ်တွင် နဝဒေးသကြားစက်နှင့် ပေါက်ခေါင်းမြို့နယ်တွင် အင်ငါးခွသကြားစက်ဟူ၍ (၂)စက်ရှိပါသည်။ နဝဒေးသကြားစက်သည် ယိုးဒယား စူးတက် ကုမ္ပဏီမှ ပိုင်ဆိုင်၍ ယခုဘဏ္ဍာနှစ်တွင် ကြံတန်ချိန် (၂၃၀၀၀၀)ခန့်အား ကြိတ်ခွဲရ

Pages