
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ စားအုန်းဆီလုပ်ငန်းရှင်အသင်း၊ မီးသတ်ဦးစီး ဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင်ကွင်းဆင်း စစ်ဆေးခဲ့ကြပါသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီခွဲတမ်းရရှိသော လက်လီ/လက်ကား အရောင်းဆိုင်များအနေဖြင့် သတ်မှတ်ထားသောရည်ညွှန်းဈေးနှင့် အများပြည်သူထံသို့ အမှန်တကယ်ရောင်းချမှု ရှိ/ မရှိ၊ ဆိုင်းဘုတ်တင်ရောင်းချမှုရှိ/မရှိ စစ်ဆေးခဲ့ရာ ရောင်းချနေသည်ကိုတွေ့ရှိရပါသဖြင့် အရေးယူ ဆောင်ရွက်မှု မရှိခဲ့ပါကြောင်း ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့မှုအရ သတင်းရရှိပါသည်။
(Doca ဧရာဝတီ)