သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူးနှင့်ဝန်ထမ်း(၂)ဦး၊ ဘုရင့်နောင်ဈေး စည်ပင်ဌာနမှ ဦးကျော်မင်းဦး၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှ ဒေါ်သဇင်အေးတို့ပူးပေါင်းပါဝင်လျက် ၂၄-၅-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်မှစ၍ ဘုရင့်နောင်ဈေးသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)သည် ၆.၆.၂၀၂၄ ရက်နေ့တွင် မိုးညှင်းမြို့၊ မြို့မရပ်ကွက်ရှိ မကြူ (ကုန်စုံဆိုင်) သို့ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ခိုင်သည် ၅.၆.၂၀၂၄ ရက်နေ့တွင် ဗန်းမော်မြို့၊ ညောင်ပင်ရပ် ရပ်ကွက်ရှိ စားသုံးဆီအမျိုးမျိုး ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ၊ ၆ ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးသည် တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍“စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းသိကောင်းစရာများ အသိပညာပေးTalk Show" ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ၊ ၆ ရက်နေ့၊ နံနက် (၁၀း၀၀) အချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်မှ ကျင်းပပြုလုပ်သော (၅/၂၀၂၄) ကြိမ်မြောက် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ခရိုင်ရုံးများရှိဝန်ထမ်းများမှ online virtual ဖြင့် တက်ရောက်ခဲ့ပါသည်။