သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ သရက်ပြင်လုပ်ငန်းရှင်သူများကို (၂၃၊၁၊၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀) အချိန်ခန့်က မအူပင်မြို့နယ် ရွာသစ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ဌာနဆိုင်ရာများနှင့်အတူတွေ့ဆုံ၍ အသိပညာပေး ဆွေးနွေးခြင်းကို ဆောင်ရွက် ခဲ့ကြပါသည်။
(၂၃.၁.၂၀၂၃) နေ့ (၁၀:၃၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် ဓနုဖြူ လှေဆိပ် (၁၇)ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်းတွင် စားသုံးသူအခွင့်အရေး ဦးစားပေးသိရှိနိုင်ရေး မိတ်ဖက် ဌာန တို့နှင့်အတူ လူငယ်အသိပညာပေး ဟောပြော ပွဲပြုလုပ်ခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများနှင့်အတူ (၂၄.၁.၂၀၂၃) ရက်နေ့ (၀၉:၃၀) နာရီ အချိန် ခန့်က စက်ဆီ/ချောဆီအရောင်းဆိုင်(၄)ဆိုင်တွင် စက်ဆီ၊ ချောဆီ တင်သွင်း၊ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း အတုအပတရားမဝင်ရောင်းချခြင်း၊ ကုန်အညွှန်း အမှတ်အသားပြည်စုံခြင်း ရှိ/မရှိနှင့် စက်သုံးဆီ ဒီဇယ်/ဓါတ်ဆီအရောင်းဆိုင်များ တွင် စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကြီး ကြ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၂၄.၁.၂၀၂၃) ရက်နေ့ (၀၉:၃၀)နာရီအချိန်တွင် မအူပင်မြို့ပေ်ရှိ ဆေးမျိုးစုံရောင်းချသည့် ဆိုင်များအား မိတ်ဖက်ဌာနဖြစ်သော FDA၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရှိ စက်ဆီ/ချောဆီအရောင်းဆိုင်များ တွင် စက်ဆီ၊ ချောဆီ တင်သွင်း၊ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း အတုအပတရားမဝင်ရောင်းချခြင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်း ရှိ/မရှိ ကို စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၂၄.၁.၂၀၂၃) နေ့ (၀၉:၃၀) နာရီအချိန်တွင် ညောင်တုန်းမြို့အတွင်း စက်ဆီ၊ ချောဆီအရောင်းဆိုင်(၅)ဆိုင်သို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။