သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
24 Jan 2022

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်၊ ဒု/ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးတို့သည် (၁၃.၁.၂၀၂၂)ရက်နေ့ နံနက်(၁၁:၀၀) နာရီတွင် မြောင်းမြမြို့၊ မြရတနာရပ်ကွက်၊ မကိုဋ်ဂျိုးဖြူဆန်စက်သို့သွားရောက်၍ ဆန်ကြိတ်ခွဲထုတ် လုပ်မှုအခြေအနေ၊ စပါး/ဆန်ဈေးနှုန်းဈေးကွက်အခြေအနေများနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများဆွေးနွေး ဆောင်ရွက်ခဲ့ပါသည်။

24 Jan 2022

         စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့တွင် တောင်ငူမြို့၊ ခရိုင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရုံး၌ ကျင်းပသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့် အသိပညာပေးခြင်းများအား ပြုလုပ်ခဲ့ပါသည်။

24 Jan 2022

          စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲ တာဝန်ခံများ၊ တောင်ငူမြို့နယ်တာဝန်ခံတို့နှင့်အတူ ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် တောင်ငူမြို့၊ အမှတ် ၂၂ ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းဘေးရှိ ရွှေပြည်တော်မုန့်တိုက်သို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

24 Jan 2022

          စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲ တာဝန်ခံများ၊ တောင်ငူမြို့နယ်တာဝန်ခံတို့နှင့်အတူ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့ နေ့လည်ပိုင်းတွင် တောင်ငူမြို့၊ အမှတ်(၂)ရပ်ကွက်၊ ဦးစစ်ကိုလမ်းရှိ ရေသန့်နှင့် စားသောက်ကုန် ထုတ်လုပ် ရောင်းချနေသည့် လုပ်ငန်းရှင် ဦးစန်းလှိုင်နှင့်တွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း ၁၈ ပါ ပုဒ်မ ၄၃ ပါ မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသား ဖော်ပြရန် ပြဌာန်းချက်များ၊ ၎င်းပုဒ်မပါ ပြဌာန်းချက်များအား စ

24 Jan 2022

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ပြည်မြို့၊ ဇီးအုပ်ကျေးရွာရှိ တောင်သူလယ်သမား သင်တန်း ကျောင်း၌ ၆.၁.၂၀၂၂ ရက်နေ့ ကျင်းပြုလုပ်သော စိုက်ပျိုးရေးဆိုင်ရာ ဘက်စုံပညာပေး သင်တန်းတွင် စားသုံးသူအသိပညာပေးဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

Pages