
စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦး စီးမှူး)နှင့်ဝန်ထမ်းများ ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒဂုံမြို့သစ်ခရိုင် ၊ တောင်ဒဂုံမြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်လျှက် ရှိရာ (၅.၈.၂၀၂၅) ရက်နေ့၊ နံနက် (၁၀း၀၀)နာရီ အချိန်တွင် ဒဂုံမြို့သစ်ခရိုင် ၊ တောင်ဒဂုံမြို့ နယ်အတွင်းရှိ ဆန်လက်လီရောင်းချနေသော (၅၆)ရပ်ကွက်၊ ပုဂံလမ်း၊ အမှတ်(၁၃၆၆)ရှိ ရွှေစည် ဆန်ရောင်းဝယ်ရေးအရောင်းဆိုင်သို့သွားရောက်၍ ဆန်ရောင်းချမှုကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသောဆန်များသည် ရက်(၉၀)၊ ရွှေဘိုပေါ်ဆန်း၊ ဆင်းသွယ်၊ မနှောသုခ၊ ဧရာဝတီပေါ်ဆန်းစသည့်ဆန်များ ရောင်းချ လျက်ရှိပြီး သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချနေခြင်း ရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး ဆန်များ ကိုဈေးနှုန်းအဆမတန်ရောင်းချမှုမရှိစေရေးနှင့် ဈေးနှုန်းကြီးမြှင့်စွာရောင်းချခြင်းများကို စိစစ် တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရအရေးယူခံရမှာဖြစ်ကြောင်း အသိပညာ ပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA (ရန်ကုန်)