သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
01 Feb 2023

     စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ ထေးငှားလျားရပ်ကွက်ရှိ လွိုင်ကော် တက္ကသိုလ် Theatre ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးဆောင်ရွက် ခဲ့ရာ အဆိုပါဟောပြောဆွေးနွေးပွဲတွင်လွိုင်ကော်တက္ကသိုလ်မှပါမောက္ခချုပ်၊ သရုပ်ပြဆရာ/ဆရာမများ၊ ကျောင်းသား /ကျောင်းသူများ စုစုပေါင်း(၁၀၀)ဦး တက်ရောက်ခဲ့ပါသည်။

01 Feb 2023

          စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၅)ရက် နေ့၊ နေ့လယ်(၁:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ ဈေးပိုင်းရပ်ကွက်၊ ရှမ်းပိုင်းရပ်ကွက်ရှိကိတ်မုန့်၊ ပေါင်မုန့်စသည့် မုန့်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် အရောင်းဆိုင်များသို့ စီးပွားရေးလုပ်ငန်းရှင်များ၏ ဈေးကွက်မတင်မီနှင့်ဈေးကွက်တင်ပြီး ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ကုန်စည်များ၏ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက်  ပြည်နယ်စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များဖြင့် ပူ

01 Feb 2023

        စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၁၉.၁.၂၀၂၃)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင်  မြို့မရပ်ကွက်၊  ပြန်/ဆက်ရုံးခန်းမ၌ ကုန်မျိုးစုံအရောင်းဆိုင်လုပ်ငန်းရှင်(၁၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

01 Feb 2023

        ဧရာဝတီတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ ၁/၂၀၂၃ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးအစည်းအဝေးခန်းမတွင် ၂၅.၁.၂၀၂၃ရက်နေ့ နေ့လည်၁၄:၀၀နာရီတွင် ကျင်းပပြုလုပ်ရာ စားသုံးသူရေးရာကော်မတီအဖွဲ့ဝင် ၄ဦး၊ ဖိတ်ကြားထားသူ(၃)ဦးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ၇ ဦး စုစုပေါင်း ၁၄ ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

Pages