သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
02 Feb 2023

    စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နံနက် (၁၀:၀၀) နာရီအချိန်တွင်၊ လွိုင်ကော်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနအစည်းအဝေးခန်းမ၌ ကိတ်မုန့်၊ ပေါင်မုန့်စသည့်မုန့်မျိုးစုံ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအား မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်(၁၀)ဦးနှင့် အသိ ပညာပေးတွေ့ဆုံဆွေးနွေးခြင်းဆောင်ရွ

02 Feb 2023

       စားသုံးသူရေးရာဦးစီးဌာန ရခိုင်ပြည်နယ် အမ်းမြို့နယ် တာဝန်ခံ ဦးအောင်မင်းခိုင်(ဒု-ဦးစီးမှူး) နှင့် ဝန်ထမ်းများသည် ( ၂၇-၁-၂၀၂၃ ) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် တပ်တောင်၊ အမှတ်(၂) ရပ်ကွက်ရှိ “ရခိုင်လေး” အမှတ်တံဆိပ်သဘာဝရခိုင်မုန့်တီခြောက်(ခ)မုန့်ဖတ်ခြောက်ထုတ်လုပ်သည့် လုပ်ငန်းနေရာသို့သွားရောက်၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး မုန့်ဖတ်ခြောက်ထုတ်လုပ်နေမှုအခြေအနေများအား ကွင်းဆင်းလေ့လာစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

02 Feb 2023

         စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံနှင့် ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်ဇန်နဝါရီလ၂၅ရက်နေ့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ အထက(ခွဲ)ကော့ပနောကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

02 Feb 2023

     ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်တာဝန်ခံ ဦးစံညွှန့် (ဦးစီးမှူး) သည် (၂၇-၁-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ Talk Show အစီအစဉ်အား ကျင်းပပြုလုပ်ခဲ့ပါသည်။

02 Feb 2023

           မွန်ပြည်နယ် ၊ ဘီလင်းမြို့နယ်   စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ဘီလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်ပူး ပေါင်း၍ ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ဘီလင်း)ခန်းမတွင်စားသုံးသူအကာကွယ်ပေးရေးအသိပညာပေး ( Talk Show ) ပြုလုပ်၍ ဟောပြောဆွေးနွေးခဲ့ ကြောင်းသိရပါသည်။

Pages