သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
10 Jun 2022

          ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ဦးစီးမှူး ဦးမိုးကျော်သည်(၇.၆.၂၀၂၂)ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန်၌ ရွာသာကုန်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံးတွင် စားသောက်ဆိုင်လုပ်ငန်းရှင် (၁၅) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။

10 Jun 2022

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် စားသုံးသူပြည်သူများ၏ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အသိပညာဗဟုသုတရှိမှုနှင့် စွမ်းဆောင်ရည်မည်မျှရှိသည်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သိရှိနိုင်ရန်အတွက် ၁၆.၅.၂၀၂၂ ရက်နေ့မှစ၍ ၂၂.၅.၂၀၂၂ ရက်နေ့ထိ မြို့နယ်/ရပ်ကွက်များရှိ စားသုံးသူပြည်သူများနှင့် Online ပေါ်ရှိ စားသုံးသူပြည်သူများထံ စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်းစစ်တမ်းအား ကောက်ယူဆောင်ရွက်ခဲ့ကြပါသည

10 Jun 2022

           ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင် (ဌာနခွဲစာရေး)သည် ၉.၆.၂၀၂၂ ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ ကံကုန်းကြီးကျေးရွာအတွင်းရှိ စားသုံးသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

10 Jun 2022

            စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တာဝန်ခံဦးအောင်ဇော်ဦးသည် ၈.၆.၂၀၂၂ ရက်နေ့ နံနက် (၀၉:၀၀)အချိန်တွင် သုန်ကြိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ်တွင် ပြည်သူ (၃၁)ဦးအား မိတ်ဖက်ဌာန ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနတို့နှင့်အတူ ပူးပေါင်း၍ ကျေးလက်နေပြည်သူများအား စားသုံးသူကာကွယ်ပေးရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

10 Jun 2022

          စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးသည် အမှတ်(၃)ရပ်ကွက်  ရွှေဟင်္သာဆီစက်သို့ (၈.၆.၂၀၂၂) ရက်နေ့တွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်နှင့် SMEဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

Pages