သတင်းနှင့် လှုပ်ရှားမှုများ
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် (၃.၂.၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကဆောင်ရွက်ကြပြီး စိုက်ပျိုးရေးလုပ်ငန်းမှထွက်ရှိသော ကုန်ကြမ်းသီးနှံများဖြစ်သည့် စပါး၊ ဆီထွက်သီးနံစသည့် သီးနှံများကို ကြိတ်ခွဲထုတ်လုပ်သည့်လုပ်ငန်းများကို ကျယ်ပြန့်စွာဆောင်ရွက်သဖြင့် အလုပ်အကိုင်အခွင့်အလမ်းများစွာ ရှိသောခရိုင်တစ်ခုဖြစ်ပါသည်။ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကဆောင်ရွက်သည့်အားလျော်စွာ ရွှေဘိုမြို့နယ် အနေဖြင့် ယခုအချိန်တွင် မိုးစပါးများရိတ်သိမ်းပြီး၍ နွေစပါးနှင့် နွေးသီးနံစိုက်ပျိုးရန်
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ကလေး မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ ( ၆ ) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်၌ (အ.မ.က-၃)အလယ်တန်း ကျောင်းသို့ သွားရောက်၍ ဆရာ/ဆရာမ ( ၅ ) ဉီးနှင့် ကျောင်းသား/ ကျောင်းသူ ( ၆၅ ) ဦး၊ စုစုပေါင်း ( ၇၀ ) ဦးအား အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၇)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက်နေ့၊ နေ့လယ်( ၁၄:၀၀ )နာရီအချိန်တွင် လွိုင်ကော်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center၌ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ပါသည်။