ဟင်္သာတခရိုင်ဦးစီးမှူးရုံးတွင် Online Virtual စနစ်ဖြင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဆောင်ရွက်ခြင်း

Powered by Drupal

             စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်(၆)မြို့နယ်နှင့် Onlineစနစ် ဖြင့် ဆောင်ရွက်သော ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းကို (၂၅.၄.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ အမှုထမ်း(၁၉)ဦးကို လူ့စွမ်းအားအရင်းအမြစ်များတိုးတက်လာစေခြင်း၊ ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ လွယ်ကူလျင်မြန် သွက်လက်လာစေရန် ရည်ရွယ်ခြင်း၊ မိမိတို့ဆောင်ရွက်နေသော ဌာနခွဲများ၏ လုပ်ငန်းစဉ်များကို အခြေခံကျောင်းသား/ ကျောင်းသူ၊ တက္ကသိုလ်ကျောင်းသား/ ကျောင်းသူများ၊ ကျေးလက်နေပြည်သူများ၊ မြို့ပြနေပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များအား၊ အသိပညာပေးဆွေးနွေးခြင်း၊ လုပ်ငန်းစဉ်များကို ချပြရှင်းလင်း ဟောပြောနိုင်ရေးကိုရည်ရွယ်၍ ဆောင်ရွက် ခဲ့ပါသည်။

          အဆိုပါဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကိုနံနက်(၁၀:၀၀)နာရီခန့်အချိန်တွင်စတင် ဖွင့်လှစ်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးဦးဇော်မင်းက ဝန်ထမ်းများ ၏စွမ်းဆောင် ရည်မြင့်မားလာစေရေးအတွက် ရုံးလုပ်ငန်းဆိုင်ရာတာဝန်ဝတ္တရားများနှင့် အသိ ပညာများ   အမြဲ မပြတ် ကြိုးစားသင်ယူလေ့လာရန်လိုအပ်ကြောင်းကိုလည်းကောင်း၊ ဒု-ခရိုင်ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင်က  Barcode ဆိုသည်မှာခေါင်းစဉ်ဖြင့် ကုန်စည်အမျိုးအစားအလိုက် မည်သည့်ကုန်ပစ္စည်းဆိုသည်ကို ဖော်ညွှန်းသည့် Liscense Plates တစ်ခုဖြစ်ကြောင်း၊ Barcode တွင်ပါဝင်သည့် သတင်းအချက်အလက် များအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခြင်း၊ ဦးစီးအရာရှိ ဦးအောင်မျိုးထိုက်မှ  စားသုံးသူအခွင့် အရေးများအကြောင်း၊  ဦးစီးအရာရှိ ဦးဝင်းအောင်မှ စားသုံးသူကာကွယ်ရေး ဥပဒေ စတင်ဖြစ်ပေါ်လာပုံ အကြောင်း၊ ငွေစာရင်းတာဝန်ခံ ဦးရဲမြင့်ထွန်းမှ ဝန်ထမ်းများ ခရီးသွားလာစရိတ်တောင်းခံခွင့်နှင့် ပတ်သတ်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါသင်တန်းသို့ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၁၉)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)