သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
07 Feb 2022

          စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ၊ ဦးသန်းစိုး နှင့်ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၃၁  ရက်နေ့ နေလည် ၁၂:၀၀နာရီအချိန်တွင် မိတ္ထီလာမြို့နယ်၊ ဇောင်ချမ်းကုန်းရပ်ကွက်၊ အမှတ် (၈၉) ၊ ဘုရင့်နောင်လမ်းရှိ မုန့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

07 Feb 2022

          စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန် မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း၊ ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည် ချေးငှားပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုပါသည်။

04 Feb 2022

          ကရင်ပြည်နယ်ရေသန့်လုပ်ငန်းရှင်အသင်း၏ ဖိတ်ကြားချက်အရ ၂.၂.၂၀၂၂ ရက်နေ့၊ နေ့လည် ၁၂း၀၀ နာရီအချိန်တွင် မြဝတီမြို့ ရွှေကမ္ဘာ ဟိုတယ်အစည်းအဝေးခန်းမ၌ မိတ်ဖက်ဌာနများဖြစ်သော စက်မှုကြီးကြပ်နှင့်စစ်ဆေးရေးဦးစီးဌာ၊ မြဝတီခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြဝတီ သောက်ရေ သန့်လုပ်ငန်းရှင်များအသင်းတွေ့ဆုံ၍ သောက်ရေသန့်လုပ်ငန်းများအကြောင်းနှင့် ပတ်သက်၍ ဆွေး နွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။

04 Feb 2022

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံး(တောင်ကြီး)မြို့တွင် ဝန်ထမ်းများအား ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ အထွေထွေစီမံခန့် ခွဲမှုဆိုင်ရာကိစ္စရပ်များ သိရှိကျွမ်းကျင်နိုင်ရန်ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၂)အား ဇန်နဝါရီလ(၃၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။ အဆိုပါသင်တန်းသို့ စားသုံးသူရေးရာဦးစီးဌာန၊

04 Feb 2022

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ၂၀၁၉ မတ်လ ၁၅ ရက်နေ့တွင်ပြဌာန်းခဲ့သည့် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များအား သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်း၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ပြည်တွင်းက

Pages