ကြံခင်းမြို့နယ် အွန်လိုင်းစနစ်ဖြင့်ရောင်းချသော လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည်(၂၄.၇.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ကြံခင်းမြို့၊ သိပ္ပံလမ်း၊ ရွာသစ်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၌ Online ဖြင့် ရောင်းချလျက်ရှိသော အဝတ်အထည်အမျိုးမျိုး၊ ကုန်စည်အမျိုးမျိူးနှင့် စားသောက်ကုန်ရောင်းချသော လုပ်ငန်း ရှင်များအား အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းမှ Online စနစ်ဖြင့်ရောင်းချရာတွင်  မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်များ လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ် တည်ရှိခြင်း၊ မှတ်ပုံတင်လက်မှတ် လျှောက်ထား စဉ်က ရောင်းချရန် တင်ပြထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တစ်ကယ် ရောင်းချရမည်ဖြစ်ကြောင်း၊ အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ အွန်လိုင်းမှတ်ပုံတင်ဆောင်ရွက်ခြင်းအားဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ စသည်တို့ကို အသိပညာပေး အကျယ်တဝင့်ရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)