
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို လစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း စားသုံးသူရေးရာဦးစီးဌာနမှဦး ဆောင်ကာ မိတ်ဖက်ဌာနများ နှင့်ပူးပေါင်း၍ ပြည်ပမှတင်သွင်းသော ကုန်စည်များကိုသာမက ပြည်တွင်း၌ထုတ်လုပ်သောကုန်စည် များနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ သို့မဟုတ် ဈေးကွက်ရောက်ပြီး ကုန်စည်များ၏ ဘေးအန္တရာယ်ရှိ/မရှိစစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များ ပါဝင်မှု ရှိ/ မရှိ စစ်ဆေးခြင်းကို စစ်ကိုင်းခရိုင်အနေဖြင့် စစ်ကိုင်းမြို့ပေါ်ရှိ ဆီနှင့် ကုန်မျိုးစုံဆိုင်၊ စတိုးဆိုင် (၅)ဆိုင်၊ ဆေးအရောင်းဆိုင်(၂)ဆိုင်၊ ကျောင်းမုန့်ဈေးဆိုင်(၁၂) ဆိုင်တို့ကို စစ်ဆေးခဲ့ပြီး ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းကို (၅)ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။ စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားများကို ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာဖြန့်ဖြူးရောင်းချရန်၊ သက်ဆိုင်ရာ ဌာနများမှ စားသုံးရန်မသင့် ထုတ်ပြန်ထားသည့် ကုန်စည်များကို ရောင်းချခြင်းမပြုရေး သတိထား ဆောင်ရွက်ကြရန်နှင့် Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ အသိပညာပေးခဲ့ ကြောင်း သိရှိရသည်။
DOCA(စစ်ကိုင်း)
