သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
20 Jun 2022

           ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)သည် ၁၄.၆.၂၀၂၂ ရက်နေ့တွင် မိုးညှင်းခရိုင်ဦးစီးမှူးရုံး၌ မိုးညှင်းမြို့ပေါ်ရှိ ဆံပင်ညှပ်ဆိုင်လုပ်ငန်းရှင်များ အားတွေ့ဆုံဆွေးနွေးခဲ့ပါသည်။

20 Jun 2022

          ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ အတွင်းရေးမှူးဦးဇော်လင်းအောင်(ခရိုင်ဦးစီးမှူး)စားသုံးသူရေးရာဦးစီးဌာနဦးဆောင်၍မိတ်ဖက်ဌာန များဖြစ်သောပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့ဖြင့် (၁၃.၆.၂၀၂၂)ရက်နေ့   နံနက်(၁၀:၃၀)နာရီတွင်မြောင်းမြမြို့အတွင်းတရားမဝင်မော်တော်ဆိုင်ကယ်နှင့်တရားမဝင်ဆေးဝါး  များရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

20 Jun 2022

          ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ပြောင်းလုပ်ငန်းရှင်များအသင်း ညှိနှိုင်းအစည်းအဝေးကို ၁၃.၆.၂၀၂၂ ရက်နေ့(၁၃:၀၀)အချိန်တွင် ဗန်းမော်ခရိုင်ပြောင်းလုပ်ငန်းအသင်းရုံး၌ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင်  စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးမှတက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြောင်းလုပ်ငန်းအသင်းဝင် ဒေါ်ပုံ့ပုံ့ မှ တရုတ်ပြည်သူ့သမ္မနိုင်ငံသို့ ပြောင်းဆံများ တင်ပို့နိုင်ရေးအတွက် တရားဝင်မှတ်ပုံတင်လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးတင်ပြခဲ့ပြီး ပြောင်းလုပ်ငန်းရှင်မျာ

20 Jun 2022

           စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးခရိုင်ဦးစီးမှူး၊  ဒိုက်ဦးမြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် ဇွန်လ ပထမပတ်တွင် ဒိုက်ဦးမြို့ပေါ်ရှိ ဦးမောင်မောင် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်၊ ချင်ကွန်းအလှကုန်အရောင်းဆိုင်သို့ သွားရောက်၍ ဓာတ်မြေဩဇာ ဈေးနှုန်း/ဈေးကွက်အခြေအနေများ နှင့် အလှကုန်အရောင်းဆိုင်ရှိ ဆပ်ပြာခဲများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ တို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

20 Jun 2022

           ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ဈေးတာဝန်ခံများနှင့်အတူ ၈-၆-၂၀၂၂ ရက်နေ့တွင် ပဲခူးခရိုင် ညောင်လေးပင်မြို့(မြို့မဈေး) နှင့် ပြွန်တန်ဆာမြို့( စည်ပင်သာယာ) ဈေးအတွင်း ရောင်းချလျက်ရှိသော စားအုန်းဆီပင်ရင်းဆိုင်များအား သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

Pages