သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ဖေဖော်ဝါရီ ၇ ရက်နံနက် (၁၀:၀၀)နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ညောင်အိုင်ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တို့နှင့်ပူးပေါင်း၍ စားသုံးသူအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ ဖောင်းပြင်မြို့နယ်၊ အင်ကြင်းမြိုင်ရပ်ကွက်တွင် ဖေဖော်ဝါရီလ ( ၈ ) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်၌ ဖောင်းပြင်မြို့နယ်တာဝန်ခံဦးကျော်သန်းစိန်မှ (အ.ထ.က)အထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ/ဆရာမ ( ၂၀ ) ဦးနှင့် ကျောင်းသား/ ကျောင်းသူ ( ၅၀ ) ဦး၊ စုစုပေါင်း ( ၇၀ ) ဦးအား အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၁၃.၂.၂၀၂၃ ရက်နေ့ (၀၉:၀၀)နာရီအချိန်တွင် ဗန်းမော်မြို့နယ်အကောက်ခွန်ဦးစီးဌာနရုံးတွင် ဗန်းမော်မြို့ရှိ ပို့ကုန်သွင်းကုန် စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ် ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်း ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင် သည် ၁၀.၂.၂၀၂၃ရက်နေ့ ၁၀း၀၀ နာရီအချိန်တွင် မိုးညှင်းမြို့၊နောင်စွန်းရပ်ကွက်ရှိ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချသောကုန်စုံဆိုင်များသို့သွားရောက် ၍ FIRE DRAGONအမှတ်တံဆိပ်(အားဖြည့်အချိုရည်)တွင် စားသုံးသူကာကွယ်ရေးဥပဒေပါကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းကိုက်ညီမှု ရှိ/မရ
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၁၀-၂-၂၀၂၃ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ အ.ထ.က(၅) ကျောင်းသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ် များကို ဆရာ၊ ဆရာမ (၅) ဦး နှင့် ကျောင်းသား၊ ကျောင်းသူ (၂၀၀) ဦး၊ စုစုပေါင်း (၂၀၅) ဦးအား အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။