သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
20 Jun 2022

          စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည် (၇.၆. ၂၀၂၂)ရက်နေ့ (၁၃း၀၀) နာရီအချိန်တွင် မိတ္ထီလာခရိုင်ဦးစီးမှူးရုံးခန်းအတွင်း မိတ္ထီလာခရိုင်အတွင်း စားသောက်ကုန်ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော စီးပွားရေးလုပ်ငန်းရှင်များ နှင့် စားသုံးသူအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။

20 Jun 2022

          စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် စျေးကွက်တွင်းရောင်းချနေသော ဓါတ်ဆီ၊ဒီဇယ်များ စျေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ၊ အချိန်အတွယ်၊ လီတာ၊ဂါလံများ ပြည့်မီမှုရှိ/မရှိကို မိတ္ထီလာမြို့နယ်အတွင်းရှိ Danko(1၊2၊3)နှင့် Max Myanmar (1၊3) ဆီဆိုင်များအား ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် စျေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

20 Jun 2022

           စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအခွင့်အရေးများကို သိရှိနားလည်စေရန် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ လုပ်ဆောင်လျှက်ရှိပါသည်။ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၈  ရက်နေ့ (၁၀း၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်ချက်ဖြင့် မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် (မိတ္ထီလာ/ ရမည်းသင်း)ခရိုင်အတွင်း

20 Jun 2022

              မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ စက်ကြီးဆည်မြောင်း(၁၄)လမ်း ၊ ဝန်ဇင်းရပ်၊ မိတ္ထီလာမြို့၌ “MAY” အမှတ်တံဆိပ်ဆပ်ပြာလုပ်ငန်း ထုတ်လုပ်ရောင်းချနေသော လုပ်ငန်းရှင်သည် ၎င်း၏အမှတ်တံဆိပ်တွင် ထည့်သွင်းဖော်ပြသွားမည့် ကုန်အညွှန်းအမှတ်အသားများတွင် စားသုံးသူ ကာကွယ်‌ရေးဥပဒေပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိနှင့် လိုအပ်ချက်များပြင်ဆင်ပြုပြင်နိုင်ရန်အတွက် စိစစ်ဆောင်ရွက်ပေးပါရန်၂၀၂၂ ခုနှစ်၊ ဇွန်လ (၇) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး ဦးဇော်မင်းနှ

17 Jun 2022

            စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တာဝန်ခံရုံး၌ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မင်းလှမြို့နယ်ရှိ ဆန်စက်လုပ်ငန်းရှင်များအား ၉.၆.၂၀၂၂ ရက်နေ့ နံနက် (၁၁:၅၀) အချိန်တွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

Pages