သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
24 Jan 2022

          မွန်ပြည်နယ်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးနှင့် မွန်ပြည်နယ်စားဆီနှင့် စားသောက်ကုန်စည် လုပ်ငန်းရှင်များအသင်းတို့ကပူးပေါင်း၍ မြန်မာနိုင်ငံဆီကုန်သည်နှင့် လုပ်ငန်းရှင်များအသင်းထံမှ ခွဲဝေရရှိသော စားအုန်းဆီပိဿာချိန် (၁၆၅၀၀) အား တစ်ပိဿာလျှင် (၄၅၀၀) ကျပ်နှုန်းဖြင့် ၁၈-၁-၂၀၂၂ ရက်နေ့မှစတင်၍ မော်လမြိုင်၊ ပေါင်၊ ချောင်းဆုံမြို့နယ်များ အတွင်းရှိ စည်ပင်သာယာဈေးများမှတဆင့် မွန်ပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူများအား ရောင်းချပေးသွားမည်ဖြစ်ပါသည်။ ဝယ်ယူလိုသူ စာ

24 Jan 2022

     

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ဦးစီးမှူး ဒေါ်ဌေးဌေးနှင့် မြို့သစ်မြို့နယ်ဦးစီးမှူး ဦးဆယ်မောင်တို့သည်(၁၈.၁.၂၀၂၂)ရက်နေ့ နံနက် (၁၁:၀၀)အချိန်၌ တောင်တွင်းကြီးမြို့ပေါ်ရှိ စားသုံးဆီရောင်းချ/ဖြန့်ဖြူးလျှက်ရှိသော လုပ်ငန်းရှင် (၇)ဦးအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကွင်းဆင်းအသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

24 Jan 2022

          စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် မအူပင်မြို့နယ် တလုပ်လပ်အရှေ့ကျေးရွာရှိ တပင်ရွှေထီးစပါးရောင်းဝယ်ရေးသို့ (၁၉.၁.၂၀၂၂) နေ့ နေ့လည်(၁၃:၀၀)အချိန်တွင် ကွင်းဆင်းလေ့လာ ဆွေးနွေးခဲ့ပါသည်။

24 Jan 2022

          ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မြို့မဈေးတာဝန်ခံရုံး၌ (၁၇.၁.၂၀၂၂)ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ စားသုံးဆီလုပ်ငန်းရှင် များအား စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့်  စားသုံးသူကာကွယ် ရေးဥပဒေပါအချက်များအား အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

Pages