
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် (၂.၈.၂၀၂၅) နေ့နံနက် (၁၀:၃၀)အချိန်တွင် ဓနုဖြူမြို့နယ် ရွှေမြင့်မိုရ်ဆန်စက် သပြုကျေးရွာသို့သွားရောက်၍ ဆန်စပါး ဝယ်ယူကြိတ်ခွဲမှု၊ စပါးဆန်ဈေးကွက် အခြေအနေ များ၊ သိုလှောင်ရုံမှတ်ပုံတင်ထားရှိမှု ရှိ/မရှိ၊ MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးကို ကွင်းဆင်း လေ့လာ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ဆောင်ရွက်ခြင်းကို မြို့နယ်စာသုံးသူရေးရာဦးစီးဌာနမှ ဆန်ထွက်ပစ္စည်းများ ဈေးကွက် အတွင်း ဖြန်ဖြူးရောင်းချရာတွင် ထုတ်ကုန် လုံခြုံစိတ်ချမှုရှိစေရေး အသိပညာပေးခြင်းနှင့် စပါး/ဆန် သိုလှောင်ရုံမှတ်ပုံတင်ထားရှိမှုကိုစစ်ဆေးခြင်း၊ သက်တမ်းတိုးရန်ရှိပါက သက်တမ်းတိုးဆောင်ရွက်ရန်ကိုလည်းကောင်း၊ ဆန်စက်ကြိတ်ခွဲထွက်ရှိသော ဆန်များကို မြို့နယ်တွင်း လက်ကားဖြန့်ဖြူးရောင်းချသူများသို့ ဩဂုတ်လ သတ်မှတ်ရည်ညွှန်ဈေးဖြင့် ရောင်းချရန်ကိုလည်းကောင်း ဆန်စက်တွင် ဆန်လက်ကျန်၊ ဆန်သိုလှောင်ထားရှိမှုအခြေအနေ၊ ဆန်တင်ပိုမှု အခြေအနေများ၊ ရန်ကုန်ဆန်တင်ပို့မှုအခြေအနေများကို စစ်ဆေးခဲ့ပြီး ဆန်စက် လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေအတွက် ဆန်စက်လုပ်ငန်းရှင် များနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)