သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
07 Jun 2022

                   မွန်ပြည်နယ်၊ သထုံခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးတွင် ၂.၆.၂၀၂၂ ရက်နေ့ ၁၃:၃၀ အချိန်၌ သထုံမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း အမှုဆောင်သစ်ရွေးချယ်ပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးမင်းတင့်လွင်၊ မွန်ပြည်နယ် ဆန်စက်လုပ်ငန်း ရှင်များအသင်း ဥက္ကဌ ဦးခိုင်ဦး၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းအောင်ဖြူနှင့် ဆန်စက် လုပ်ငန်းရှင် (၂၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

07 Jun 2022

              ၁.၆.၂၀၂၂ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ် တာဝန်ခံရုံး၌ မုဒုံမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း ပြန်လည်ဖွဲ့စည်းခြင်း အစည်းအဝေး ပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးသို့ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူး၊ မုဒုံမြို့နယ်တာဝန်ခံ၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ မွန်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်း ဥက္ကဌနှင့် ဆန်စက်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

07 Jun 2022

                ကျိုက်မရောမြို့နယ်တွင် ဆန်စက်လုပ်ငန်းရှင်များအသင်း မြို့နယ်အမှုဆောင်ရွေးချယ်ရေး အခမ်းအနားကို ၂.၆.၂၀၂၂ ရက် နေ့လည် ၁ နာရီက ကျိုက်မရော မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre )  ခန်းမ၌ပြုလုပ်သည်။

06 Jun 2022

            စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စားသုံးသူပြည်သူများ၏ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အသိပညာဗဟုသုတရှိမှုနှင့် စွမ်းဆောင်ရည်မည်မျှရှိသည်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သိရှိနိုင်ရန်အတွက် 16.5.2022 ရက်မှစ၍ 28.5.2022 ရက်ထိ မြို့နယ်၊ ရပ်ကွက်များရှိ စားသုံးသူပြည်သူများနှင့် Online ပေါ်ရှိ စားသုံးသူပြည်သူများထံ စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်းစစ်တမ်းအား ကောက်ယူ‌ဆောင်ရွက်ခဲ့ကြပါသည်။

06 Jun 2022

            ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းတာဝန်ဖြင့် ရောက်ရှိလာသော ကုန်သွယ်ရေးဦးစီးဌာန၊ညွှန်ကြားရေးမှူချုပ်ဦးမြင့်သူရသည် ၁.၆.၂၀၂၂ရက်နေ့ ဗန်းမော်မြို့၊ မြသီတာဧည့်ရိပ်သာခန်းမ၌ ဗန်းမော်မြို့၊ လွယ်ဂျယ်မြို့မှ ကုန်သည် လုပ်ငန်းရှင်များ၊ ခရိုင်သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဌနှင့် အဖွဲ့ဝင်တို့အား တွေ့ဆုံ၍ နိုင်ငံတော်ကုန်သွယ်ရေးမူဝါဒများ၊ လက်ရှိဆောင်ရွက်လျက်ရှိသောမူဝါဒများ၊ ဆက်လက်ဆောင်ရွက်သွားမည့်ကုန်သွယ်မှုနှင့် ငွေ

Pages