ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တိုင်းဆီစက်ပိုင်ရှင်များအသင်း ဖွဲ့စည်းခြင်း

Powered by Drupal

      ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဆီစက်ပိုင်ရှင်များ စုပေါင်း၍ နေပြည်တော်တိုင်း ဆီစက်ပိုင်ရှင်များအသင်း ဖွဲ့စည်းခြင်းကို ၃၀.၇.၂၀၂၅ ရက်တွင် စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

      ဖွဲ့စည်းခြင်း အခမ်းအနားသို့ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းမှ ဒုတိယဥက္ကဌ(၂) ဦးက ဦးဆောင်၍ အမှုဆောင်၊ အလုပ်အမှုဆောင်၊ စီမံခန့်ခွဲမှု‌ကော်မတီ အဆင့်ဆင့် ရွေးချယ် ပြီး ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ဘဏ္ဍာ‌ရေးမှူးနှင့် စာရင်းစစ်တို့ကို ထပ်မံရွေးချယ်၍ ဖွဲ့စည်းခဲ့ရာ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ အသေးစား စက်မှု လက်မှုဦးစီးဌာနနှင့် နေပြည်တော် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက် အားပေးခဲ့ကြပါသည်။

      နေပြည်တော်တိုင်း ဆီစက်ပိုင်ရှင်များအသင်းတွင် ဥက္ကဌ ဦးမျိုးမင်းထိုက် အပါအဝင် EC (၂၈)ဦး၊ CEC (၁၅)ဦးတို့ဖြင့် ဖွဲ့စည်းဆောင်ခဲ့ကြပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)