“ ကော့မှူးမြို့နယ် စားအုန်းဆီဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ”

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် တောင်ပိုင်းရပ်ကွက်ရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဩဂုတ်လ(၄)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် စားအုန်းဆီဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

     အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ကော့မှူးမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးမင်းက လူတစ်ဦး စားအုန်းဆီတစ်ရက်စားနှုန်း (၂.၂၅) ကျပ်သားဖြင့် ကော့မှူးမြို့နယ်ရှိ လူဦးရေစားအုန်းဆီ ခွဲတမ်းအား အီကိုဟာမိုနီကုမ္ပဏီနှင့် ဇဗ္မူကံထွန်းကုမ္ပဏီတို့မှ နေ့စဉ် စားအုန်းဆီခွဲတမ်းအား ထုတ်ယူလျက်ရှိပြီး ကုမ္ပဏီကိုယ်စားလှယ်များအနေဖြင့် စည်ပင်သာယာ မြို့မဈေးအတွင်း/အပြင်ရှိ ကုန်ခြောက်ဆိုင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ တဆင့်ခံ ကိုယ်စားလှယ် များထံ နေ့စဉ်ပြန်လည်ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရှိရပြီး တဆင့်ခံ ကိုယ်စားလှယ်များအနေဖြင့် မိမိတို့ထုတ်ယူရရှိသည့် စားအုန်းဆီခွဲတမ်းများအား ရပ်ကွက်/ ကျေးရွာအုပ်စုအတွင်းရှိ စားသုံးသူပြည်သူများထံသို့ သတ်မှတ်ရည်ညွှန်းဈေးအပေါ် သင့်တင့် မျှတသည့် အမြတ်နှုန်းထားဖြင့် လူတစ်ဦးလျှင် စားအုန်းဆီ တစ်ရက်စာနှုန်း (၂.၂၅) ကျပ်သား နှုန်းဖြင့် တွက်ချက်ပြီး အိမ်ထောင်စုအလိုက် စားအုန်းဆီထုတ်ယူခွင့် စာအုပ်ဖြင့် စနစ်တကျ ပြန်လည် ဖြန့်ဖြူးရောင်းချ ပေးကြရန်နှင့် မြို့နယ်ကျော် စားအုန်းဆီဖြန့်ဖြူး ရောင်းချခြင်းများ ဈေးကစားရန် ရည်ရွယ်ချက် ဖြင့် သိုလှောင်ထားခြင်း အပါအဝင် မသမာသည့် လုပ်ဆောင်မှုများ မပြုလုပ်ကြရန် ပြောကြားခဲ့ ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)