
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ဆေးဆိုင်များသို့ ဆေးဝါးများ ဖြန့်ဖြူးရောင်းချလျက်ရှိသော ဈေးနှုန်းအခြေအနေအား ဩဂုတ်လ(၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီး ဌာနမြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်တို့ ပူးပေါင်း၍စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ဆေးဆိုင်များ ဖြစ်ကြသော မေခလာ၊ အေးမင်းစိုး၊ ဒေါ်အိအိနိုင်၊ ဒေါ်ဝင်းလဲ့ရည်စိုး ဆေးဆိုင်များရှိ ဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးတို့အတွက် စံနှုန်းမညီဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ စပ်ဆေးများအား ဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် သွေးကျဆေး၊ သွေးကျဲဆေး၊ အကိုက်အခဲပျောက်ဆေး၊ အာရုံကြောဆေး၊ လေဆေး၊ အားဆေးအမျိုးမျိုးစသည့် စားသုံးသူပြည်သူများအနေဖြင့် နေ့စဉ်အသုံးများသော ဆေးဝါးများ၏ ဈေးနှုန်းအတက်အကျ ပြောင်းလဲမှုအခြေအနေတို့အား စာရင်းကောက်ယူ၍ စားသုံးသူကာကွယ်ရေးအသိပညာပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိ ရှိရပါသည်။
DOCA (ရန်ကုန်)