သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၅)ဦးတို့သည် ၄-၆-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၃:၅၀) နာရီအချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ Ocean Super Center သို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် ဟင်္သာတမြို့နယ်၊တလုတ္ထော်မြို့ အမှတ်(၃)ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ပြည်သူ(၆၀)ဦးအား (၃.၆.၂၀၂၄)ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးလှစိုးနှင့်ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဈေးစည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတို့နှင့်ပူးပေါင်းကာ (၄-၆-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဆီသန့်စင်သည့်စက်ရုံသို့သွားရောက်၍ စက်ရုံလည်ပတ်မှုအခြေအနေစစ်ဆေးမေးမြန်းခြင်းများပြုလုပ်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော်(ဒုကြီးကြပ်ရေးမှူး)နှင့် ဝန်ထမ်းများသည် မြို့နယ်ဈေးစည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူတို့နှင့်ပူးပေါင်းကာ (၄-၆-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများပြုလုပ်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ မရမ်းကုန်းမြို့နယ်၊ ၉မိုင် Ocean ရှိ ဒေသခံပြည်သူများ စားသောက်ကုန်အမျိုးမျိုးတို့အား ဝယ်ယူသုံးစွဲရာတွင် အစားအစာဘေးကင်းလုံခြုံမှုရှိစေရန်၊ စနစ်တကျဝယ်ယူစားသုံးနိုင်ရန်နှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးရည်ရွယ်၍ ၂၀၂၄ခုနှစ်၊ မေလ(၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မရမ်းကုန်းမြို့နယ်၊ ၉မိုင် Ocean ၌ အသင့်သောက်အချိုရည်အမျိုးမျိုးနှင့် စားသုံးဆီအမျိုးမျိုးတို့တွင် သတ်မှတ်ထားသော ကုန်အညွှန်
