အိမ်တွင်းစက်မှုလက်မှုဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဈေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများအား ပူးပေါင်း ဆောင်ရွက်

Powered by Drupal

    (၂၄.၇.၂၀၂၅) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ၊ အစည်းဝေးခန်းမ(၂)တွင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ ဦးဆောင်၍ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများဖွံ့ဖြိုးရေးကော်မတီ အစည်းအဝေး (၁/၂၀၂၅) အား ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ အစည်းဝေးသို့ စားသုံးသူ ရေးရာ ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသရဖီထွန်း မှ တက်ရောက်ခဲ့ပြီး မိမိတို့ဌာနအနေဖြင့် ကုန်ပစ္စည်းများအပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ အရ သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသားများ တပ်ဆင်ထားခြင်း ရှိ/မရှိအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်နေသကဲ့သို့ ဈေးကွက်ထဲသို့ မရောက်ရှိမီ စက်ရုံ/အလုပ်ရုံများတွင်ရှိနေသည့် ကုန်စည်များ၏ ထုပ်ပိုးထားမှုများအပေါ် ကုန်အညွှန်းအမှတ်အသား တပ်ဆင်ထားမှု ရှိ/မရှိ အခြေအနေများကိုလည်း စောင့်ကြည့်စစ်ဆေးရပါကြောင်း၊ ထို့ကြောင့် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးကော်မတီထံသို့ တင်ပြလျှောက်ထားလာသည့် လုပ်ငန်းများအား အဖွဲ့ဝင်အနေဖြင့် မြေပြင်ကွင်းဆင်း စစ်ဆေးရာတွင် လိုက်ပါရာ၌ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း( Pre Market Surveillance) တို့ကို တွဲဖက်စစ်ဆေးသင့်ပါကြောင်း တင်ပြခဲ့ပါသည်။ ထို့နောက် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဆောင်သော အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးကော်မတီအဖွဲ့ဝင်များသည် လုပ်ငန်းများအား မြေပြင်ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

( DOCA ဧရာဝတီ)