သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
06 Jun 2024

     ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စားသုံးသူများအနေဖြင့် ဒေသထွက်ကုန်များ စိတ်ချယုံကြည်စွာ စားသုံးနိုင်ရန်အတွက် ညွှန်ကြားချက် ၂/၂၀၁၉ ပါ ကုန်စည်အုပ်စု (၈) စုတွင် ပါဝင်သည့် ကုန်စည်အမျိုးအစားအလိုက်ဖော်ပြရမည့် အချက်(၇)ချက်ဖြစ်သည့် ကုန်စည် အမျိုးအမည်၊ အရွယ်အစားအရေအတွက်နှင့် အသားတင်ပမာဏ ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း ၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင် သတိပေးချက်များကို ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ ၊ မြန်မာဘာသာနှင့်  အ

06 Jun 2024

     ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ် ကျရောက်ပါက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီအောက်ရှိ တိုင်းအတွင်း ကနဦး လိုအပ်ချက် စစ်တမ်းကောက်ယူရေးအဖွဲ့မှ ပျက်စီးဆုံးရှုံးမှု အတည်ပြုရန် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ၊ ပညာရေး၊ ဘာသာရေးစသည်ဖြင့် ကဏ္ဍအလိုက်ပျက်စီးဆုံးရှုံးမှု စာရင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ပြည့်စုံစွာ ကောက်ယူရန် လိုအပ်ချက်များကို ဆန်းစစ်ဖော်ထုတ်ရန် အတွက် စာရင်းကောက်မည့်ပုံစံများကို စနစ်တကျရေးသွင်းနိုင်ရန် ဇွန် ၃ရက်နေ့တွင် ပို့

06 Jun 2024

     ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးသည် ဇွန်လ ၃ရက်နေ့ စားသုံးသူရေးရာဦးစီးဌာန ရုံးချုပ်နေပြည်တော်တွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ကျင်းပသောနေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် စားအုန်းဆီ ဖြန့်ဖြူးရောင်းချမှုနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို Virtual စနစ်ဖြင့် တက်ရောက် ခဲ့ပါသည်၊၊

06 Jun 2024

    မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ်အဖြစ်  သစ်ပင်စိုက်ပျိုးပွဲကို ၅.၆.၂၀၂၄ ရက်နေ့ နံနက် ၈ နာရီက မြို့မ (၄) ရပ်ကွက်ရှိ ကန်ကြီးမြန်မာသုဿာန်ဝင်း၌ ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

06 Jun 2024

     မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်သစ်တောဦးစီးဌာနက ကြီးမှူး၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ၅.၆.၂၀၂၄ ရက်နေ့ နံနက် ၈ နာရီက ပိန္နဲကုန်းကျေးရွာ သီဟိုဠ်စမ်းတောရကျောင်းဝင်း၌ ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံတက်ရောက်၍ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

Pages