သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
06 Jun 2024

   ၄.၆.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ ဆီလုပ်ငန်းရှင်များ၊ စားသုံးဆီ ဖြန့်ဖြူးရောင်းချမည့် အရောင်းကိုယ်စားလှယ်များ၊ လက္ကားကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။          

06 Jun 2024

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သရက်တောရပ်ကွက်၊ ယုဇနလမ်းရှိ ကံ့ကော်အောင် ရှောက်တောင့်လုပ်ငန်းသို့ (၃၁-၅-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်း‌များအဖွဲ့သည် သွားရောက်၍ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံရန် ကွင်းဆင်းခဲ့ပါသည်။

05 Jun 2024

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မြို့ပေါ်ရပ်ကွက်များရှိ စတိုးဆိုင်များတွင် ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုးရောင်းချသော ဆိုင်များသို့ (၃၁-၅-၂၀၂၄)ရက်နေ့၊ နေ့လယ်ပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများအဖွဲ့သည် သွားရောက်၍ ကွင်းဆင်းလေ့လာ‌ဆောင်ရွက်ခဲ့ကြပါသည်။

05 Jun 2024

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံရုံးမှ ဦးအောင်မိုးသည် (၂၃.၅.၂၀၂၄)ရက်နေ့ ၊နေ့လယ် (၁၃:၀၀)နာရီက စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ် တာဝန်ခံရုံးတွင် စားသုံးဆီလုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

05 Jun 2024

       ၂၀၂၄  ခုနှစ်၊  မေလ၊  ၂၅  ရက်နေ့၊  နံနက် (၁၀:၀၀) အချိန်တွင် စီးပွားရေးနှင့်ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်မှ ကျင်းပပြုလုပ်သော စားသုံးဆီဖြန့်ဖြူးခြင်းရောင်းချခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်အတူ ဒု-ခရိုင်ဦးစီးမှူးတို့ မအူပင်ဆီလုပ်ငန်းရှင်တို့ online virtual ဖြင့် တက်ရောက်ခဲ့ပါသည်။

Pages