သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
26 Jan 2023

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊  လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည်(၁၉-၁-၂၀၂၃)ရက်နေ့ နေ့လယ် (၁၀:၃၀)နာရီက လပွတ္တာမြို့၊ အမှတ်(၁)ရပ်ကွက်၊ အလက(၁)ကျောင်း၌ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းမုန့်ဈေးတန်းဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

26 Jan 2023

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးသည် (၂၀-၁-၂၀၂၃)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီက  မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဝါးခယ်မမြို့၊ ဈေးရပ်ကွက် ကမ်းနားလမ်းရှိ မုန့်မျိုးစုံဆိုင်များတွင် ရောင်းချနေသောမုန့်မျိုးစုံများ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်၊

26 Jan 2023

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၉-၁-၂၀၂၃) ရက်နေ့ နံနက်(၁၀:၃၀)နာရီက အမှတ်(၁)ရပ်ကွက်အတွင်းရှိ မုန့်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ပတ်သက်၍ ကိုက်ညီမှုရှိ/မရှိ နယ်မြေဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

26 Jan 2023

         ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ အမ်းခရိုင်ဦးစီးမှူးရုံးမှ အမ်းမြို့နယ်တာဝန်ခံ ဦးအောင်မင်းခိုင်(ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် (၁၉-၁-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် တပ်တောင် အမှတ်(၂) ရပ်ကွက်ရှိ “အောင်သုခ” အိုင်အိုဒင်းဆား ထုတ်လုပ်သည့် လုပ်ငန်းသို့သွားရောက်၍ ဆားထုတ်လုပ်မှုအခြေအနေများအား ကွင်းဆင်းလေ့လာခြင်းနှင့် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

26 Jan 2023

         တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်မှာပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(70.000)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(3.000)၊  စုစုပေါင်း ကုန်သွယ်မှုပမာဏ ကျပ်သန်း(73.000)ဖြစ်ပါသည်။ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့ကုန်သွယ်မှုအနေဖြင့် ၂၀၂၂ခုနှစ်၊ ဧပြီလမှ ဒီဇင်ဘာလအထိ (9)လတာကာလအတွင်း ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(7.850)၊ သွင်းကုန်ပမာဏအမေရိကန်ဒေါ်လာသန်း(4.191)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ(12.041) ဆောင်ရ

Pages