ဆားလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

         ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ အမ်းခရိုင်ဦးစီးမှူးရုံးမှ အမ်းမြို့နယ်တာဝန်ခံ ဦးအောင်မင်းခိုင်(ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် (၁၉-၁-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် တပ်တောင် အမှတ်(၂) ရပ်ကွက်ရှိ “အောင်သုခ” အိုင်အိုဒင်းဆား ထုတ်လုပ်သည့် လုပ်ငန်းသို့သွားရောက်၍ ဆားထုတ်လုပ်မှုအခြေအနေများအား ကွင်းဆင်းလေ့လာခြင်းနှင့် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

      “အောင်သုခ” ဆားလုပ်ငန်းရှင် ဦးသောင်းငြိမ်းသည် အိုင်အိုဒင်းဆားထုတ်လုပ်မှုလုပ်ငန်းအား ၂၀၁၈ ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့ပြီး နေ့စားလုပ်သားဦးရေ (၈) ဦးခန့်ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အိုင်အိုဒင်းဆားထုတ်လုပ်ရာတွင် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းဖြစ်သည့် ဆားကြမ်းကို ကျောက်ဖြူမြို့နယ်မှ ဝယ်ယူပြီး၊ ကုန်ချောများကို (၃၀) ကျပ်သား၊ (၅၀) ကျပ်သား၊ (၁) ပိဿာဝင် ပလတ်စတစ်အိတ်များဖြင့် သေသပ်စွာထုပ်ပိုးပြီး၊ ဈေးနှုန်းများမှာ (၃၀) ကျပ်သားတစ်ထုပ်လျှင် (၁၈၀) ကျပ်၊ (၅၀) ကျပ်သား တစ်ထုပ်လျှင် (၃၀၀) ကျပ်၊ (၁) ပိဿာလျှင် (၆၀၀) ကျပ်ဖြင့် အမ်းမြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချပါကြောင်းနှင့် မြို့နယ်တာဝန်ခံ ဦးအောင်မင်းခိုင်  (ဒု-ဦးစီးမှူး)က စားသုံးသူရေးရာဦးစီးဌာန၏ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁) ပါပြဋ္ဌာန်းချက်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ၂/၂၀၁၉ ညွှန်ကြားချက်ပါ ကုန်ပစ္စည်းအမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရန် ညွှန်ကြားချက်အရ ဟင်းလျာများတွင် အရောင်၊ အနံ့၊ အရသာအတွက် အသုံးပြုသောပစ္စည်းများတွင် ဖော်ပြရမည့်အချက်များအား သိရှိလိုက်နာဆောင်ရွက်မှုရှိစေရေး ထုတ်လုပ်သည့်ကုန်ပစ္စည်းများအား အရည်အသွေးပိုမိုကောင်းမွန်စွာထုတ်လုပ်နိုင်ရေး၊ ဈေးကွက်ပိုမိုကျယ်ပြန့်စွာတိုးချဲ့ထုတ်လုပ်နိုင်ရေးနှင့် စားသုံးသူများအနေဖြင့် ဈေးနှုန်းချိုသာစွာ ဝယ်ယူသုံးစွဲနိုင်ရေးစသည့်အချက်များအား ဆွေးနွေးခဲ့ပါကြောင်းသတင်းရရှိပါသည်။

DOCA(ရခိုင်)