လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်အတွင်းရှိ မုန့်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ရှိ/မရှိ နယ်မြေဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၉-၁-၂၀၂၃) ရက်နေ့ နံနက်(၁၀:၃၀)နာရီက အမှတ်(၁)ရပ်ကွက်အတွင်းရှိ မုန့်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ပတ်သက်၍ ကိုက်ညီမှုရှိ/မရှိ နယ်မြေဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်က အမှတ်(၁)ရပ်ကွက်ရှိ မုန့်မျိုးစုံရောင်းချနေသော မုန့်မျိုးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဋ္ဌာန်းချက်များမှ ဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်ရောင်းချနေသော ကုန်ပစ္စည်းများတွင် ဌာနမှထုတ်ပြန်ထားသောဥပဒေညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန်၊ ဌာနမှလည်း ဈေးကွက်အတွင်းစဉ်ဆက်မပြတ်စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း ဥပဒေညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်မှုမရှိပါက ထုတ်ပြန်ထားသောဥပဒေများအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)