သတင်းနှင့် လှုပ်ရှားမှုများ
မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ၁၈.၁.၂၀၂၃ ရက်နေ့တွင် မုဒုံမြို့နယ် နိုင်းပလှိုင်းကျေးရွာ တို့တွင်လည်းကောင်း ၁၈.၁.၂၀၂၃ ရက်နေ့တွင် မော်လမြိုင်မြို့ ဂွေးကုန်းကျေးရွာလည်းကောင်း၊ ၁၈.၁.၂၀၂၃ ရက်နေ့တွင် ချောင်းဆုံမြို့နယ် ကော့မုပွန်(ဘီးလူးကျွန်း)တို့တွင်လည်းကောင်း၊ ကုမ္ပဏီမှဖြန့်ဖြူးရောင်းချသည့် စားအုန်းဆီများအား ဈေးကွက်အတွင်း လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချခြင်းကို ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။
၂၀၂၃ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် မုဒုံမြို့ အခြေခံပညာ အထက်တန်းကျောင်း(ညောင်ကုန်း)၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
၂၀၂၃ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့၊ နံနက် ၁:၀၀ နာရီအချိန်တွင် မုဒုံမြို့ အခြေခံပညာ အမက(မူလွန်)ကော့ခလွယ်၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲအား စားသုံးသူရေးရာဦးစီးဌာနနှင့်ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၁၈-၁-၂၀၂၃)ရက်နေ့၊ မွန်းလွဲ (၂း၃၀) နာရီအချိန်တွင် မြိတ်မြို့၊ ဘုရားကိုင်ရပ်၊ စိန်ပန်းပြာလမ်းရှိ Hello အမှတ်တံဆိပ် ပေါင်းမုန့်အမျိုးမျိုးထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စားသုံးသူပြည်သူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ ရရှိစေရေးအသိပညာပေး ဆောင်ရွက်လျက်ရှိရာတွင် ကျေးရွာများသို့ သွားရောက်၍ ကျေးလက်နေပြည်သူများအားလည်း အသိပညာပေးခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။