“ကူမဲမြို့ရှိ သူရ ဆန်အရောင်းဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

Powered by Drupal

  ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဇူလိုင်လ(၂၄) ရက်နေ့တွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့်အတူ ပူးပေါင်း၍ ကူမဲမြို့နယ်အတွင်းရှိ သူရ ဆန်လက်လီလက်ကား ရောင်းချနေသော ဆန်အရောင်း ဆိုင်သို့ သွားရောက်၍ ဆန်ဖြန့်ဖြူးရောင်းချမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ကူမဲမြို့နယ်အတွင်းရှိ သူရ ဆန်အရောင်းဆိုင်အား စားသုံးသူရေးရာဦးစီးဌာနမှ ဆန်သတ်မှတ်ရည်ညွှန်းဈေးများအား လစဉ် ထုတ်ပြန်ပေးလျက် ရှိကြောင်း ၊ ၎င်းဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များကို သိုလှောင်ခြင်း မပြုရန်နှင့် သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ၊ ဆန်တန်ချိန် (၂၅)တန် အထက် သိုလှောင်ပါက မြန်မာ့ဆန်စပါးအွန်လိုင်း (Myanmar Rice Online) တွင် မဖြစ်မနေမှတ်ပုံတင်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်ဟု သတင်း ရရှိပါသည်။

DOCA(မန္တလေး)