
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လှည်းဆိပ်ကျေးရွာရှိ “ဦးလေးဝင်း” မုန့်ဟင်းခါးဖို လုပ်ငန်းနှင့် “မိသားစု” မုန့်ဟင်းခါးဖိုလုပ်ငန်းသို့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၂၅) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ဈေးကွက်မရောက်မီ ကုန်စည်များ၏ ထုတ်လုပ်နေမှု အခြေအနေတို့အား ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။
ထိုသို့ ကွင်းဆင်းစိစစ်ရာတွင် ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းက စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကုန်စည်ထုတ်လုပ်ရာတွင် သန့်ရှင်းသပ်ရပ်မှု အခြေအနေ၊ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးရင်းနှီးမြှုပ်နှံထားရှိမှု၊ လုပ်သားအင်အား အသုံးပြုမှု၊ ဈေးနှုန်းဈေးကွက် အခြေအနေ၊ ကုန်စည်အပေါ် အကျိုးအမြတ်ရရှိ နိုင်မှု အခြေအနေနှင့် ကုန်စည်အပေါ်တာဝန်ရှိမှုတို့ကို အသိပညာပေး ဆွေးနွေးခဲ့ပြီး ဈေးကွက် မရောက်မီ ကုန်စည်များအား MSMEs လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစိစစ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
(Doca ဧရာဝတီ)