
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ကျေးနီရွာ၌ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်း၍ (၂၅.၇.၂၀၂၅ )ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်ခရိုင် စားသုံးသူရေးရာဦးစီးဌာ၊စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးစီးမှူး ဒေါ်ခိုင်ခိုင်ရီ ကစားသုံးသူ အခွင့်အရေးနှင့် တာဝန်များ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။
ဦးစီးမှူး ဒေါ်ခိုင်ခိုင်ရီက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏ အခွင့်အရေး(၈)ချက်နှင့်တာဝန်(၄)ချက်၊ စီးပွား ရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုး အစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဖော်ပြပါရှိရေး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ စားသုံး သူများ နစ်နာဆုံးရှုံးမှုများရှိပါက www.doca.gov.mm တွင်တိုင်ကြားနိုင်ခြင်း၊ စားသုံးသူရေး ရာဦးစီးဌာနနှင့် CICC နှင့် Facebook Page တို့တွင်တိုင်ကြားနိုင်ခြင်း၊ စားသုံးသူရေးရာ အရပ် ဖက်အဖွဲ့အစည်းများမှ တစ်ဆင့်တိုင်ကြားနိုင်ခြင်း၊ Call Center 1535သို့တိုင်ကြား နိုင်ပါကြောင်း အသိပညာပေး ဟောပြော ဆောင်ရွက်ခဲ့ပါသည်။
DOCA(ပဲခူး)