အခြေခံစားသောက်ကုန်များ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     ကယားပြည်နယ်၊ လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးအတွင်းသို့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်နေ့၊ နံနက်(၈:၀၀)နာရီအချိန်တွင် အခြေခံစားသောက်ကုန်များဈေးနှုန်း မြှင့်တင် ရောင်းချမှုများမရှိစေရန် ကွင်းဆင်းစစ်ဆေးပြီး အခြေခံစားကုန်ဈေးနှုန်းစာရင်း ကောက်ယူမှုများ ပြုလုပ်ခဲ့ပါသည်။

      အခြေခံစားသောက်ကုန်များဖြစ်သော (အသား၊ ငါး)များအား အဆမတန်ဈေးနှုန်းမြင့်တင် ရောင်းချခြင်းများ မပြုလုပ်ရန်၊ စည်ပင်သာယာရေးအဖွဲ့မှ သတ်မှတ်ထားသောဈေးနှုန်းနှင့် အမှန် တကယ် စားသုံးသူထံရောင်းချသောဈေးနှုန်းများ  တူညီစွာရောင်းချကြရန်၊ အလေးချိန်၊ အချိန် အတွယ်မှန်ကန်စွာဖြင့် ရောင်းဝယ်မှု ပြုလုပ်ကြရန် ဈေးသည်များအား အသိပညာပေးခြင်းများလည်း ဆောင်ရွက်ခဲ့ကြောင်း  သိရှိရပါသည်။

DOCA(ကယား)