ဟင်္သာတမြို့ ပဒေသာဈေးနှင့် ဌေးဝင်း‌ဈေးအတွင်းရှိ စားသုံးကုန်အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

 

           စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် တာဝန်ခံသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၂၁.၇.၂၀၂၅) ရက်နေ့ နေ့လည် (၁၃:၃၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ ရုံးကြီးရပ်ကွက်၊ ပဒေသာဈေးနှင့် ဌေးဝင်းဈေးအတွင်းရှိ စားသုံးကုန် အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် ပူးပေါင်းအဖွဲ့သည် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော စားသုံးကုန် ကုန်စည်များတွင် တားမြစ်ဆေးဝါးများ သုံးစွဲခြင်းရှိ/ မရှိ စစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတမြို့ နယ်တာဝန်ခံ ဦးမိုးကျော်မှ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းနှင့် တားမြစ်ချက်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန် စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ စားသုံးကုန်အရောင်းဆိုင်(၇)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ် ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)