TMK စားသောက်ဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဦးကျော်ဇင်ထွေး(ဒု-ဦးစီးမှူး) ဦးဆောင်၍ဝန်ထမ်း(၄)ဦးသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၂၈)ရက်၊ (၀၉:၃၀)အချိန်တွင် လွိုင်ကော်မြို့၊  မင်းစုရပ်ကွက်ရှိ TMK စားသောက်ဆိုင်သို့ အစားအသောက်ပြုပြင်ရောင်းချသည့် နေရာများ သန့်ရှင်းမှု ရှိ/မရှိ၊ အစားအသောက်ကိုင်တွယ် ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ၏ တစ် ကိုယ်ရည်သန့်ရှင်းမှု ရှိ/မရှိ၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှု ရှိ/မရှိ၊ ၎င်းတို့ဆိုင်မှပေး အပ်သည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ လုံလောက်သည့် သတင်းအချက်အလက်များကို စားသုံးသူ သို့ ကြိုတင်အသိပေးဖော်ပြထားခြင်း ရှိ/ မရှိနှင့် ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုး အစား(Size)ပမာဏအလိုက် ဈေးနှုန်းအား ပွင့်လင်းမြင်သာစွာဖြင့် ကြိုတင်အသိပေး ဖော်ပြထား ခြင်း ရှိ/မရှိ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင် ရွက်ခဲ့ပါသည်။

      ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် TMK စားသောက်ဆိုင်ရှိ အစားအသောက် ပြုပြင်ရောင်းချသည့် နေရာများမှာ သန့်ရှင်းမှုရှိကြောင်း၊ အစားအသောက် ကိုင်တွယ်ချက် ပြုတ်သူများမှာ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိကြောင်း၊ ဝန်ဆောင်မှုပေးသူများမှာလည်း တစ်ကိုယ် ရည်သန့်ရှင်းမှုရှိကြောင်း၊ ၎င်းတို့ဆိုင်မှပေးအပ်ထားသည့် ဝန်ဆောင်မှုများ နှင့်စပ်လျဉ်း၍ အဖိုး အခ ထပ်မံကောက်ခံခြင်းမရှိကြောင်းစစ်ဆေးတွေ့ရှိရပြီး ရောင်းချသည့် စားသောက်ဖွယ်ရာ များ၏ အမျိုးအစား( Size )ပမာဏအလိုက် ဈေးနှုန်းအား TMK စားသောက်ဆိုင်၌ ပွင့်လင်း မြင်သာစွာဖြင့် ကြိုတင်အသိပေးဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

          TMKစားသောက်ဆိုင်လုပ်ငန်းရှင်အနေဖြင့် မိမိစားသောက်ဆိုင်ရှိ အစားအသောက် ကိုင် တွယ်ချက်ပြုတ်သူများအနေဖြင့် Apron ၊ ခေါင်းစွပ်များဝတ်ဆင်၍ ချက်ပြုတ်စေရန်၊ သက် ဆိုင်ရာဌာန၏ ဥပဒေ၊ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားရန်နှင့် ထပ်မံစစ် ဆေး သည့်အခါ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်မှု မရှိပါက စားသုံးသူကာကွယ်ရေး ဥပဒေအရသော်လည်းကောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၏ ဥပဒေများနှင့်ပါ အရေးယူခံရ မည်ဖြစ်ကြောင်း အသိပညာပေး ဈေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ကယား)