သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက် အဝေးပြေးယာဉ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် Myanmar Oil Alliance Co.,ltd ကုမ္မဏီမှ တင်ပို့ရောင်းချသည့် စားအုန်းဆီ(၅၆)ပေပါ တို့ကို ယာဉ်အမှတ် 8J/3558 ဖြင့် ဆီကန်မှထုတ်ယူပြီး ကော့သောင်း မြို့သို့ (၆.၂.၂၀၂၅) ရက်နေ့တွင် ရောက်ရှိလာမှုအား ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် တာဝန်ရှိသူများနှင့် အတူသွား ရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးရှိ စားသုံးသူ ရေးရာဌာနခွဲတာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ အုတ်ဖိုမြို့နယ်တာဝန်ခံနှင့် တာဝန် ရှိသူတို့သည် (၅.၂.၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် အုတ်ဖိုမြို့အတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကား ရောင်းချနေသော ကုန်စုံဆိုင်များအား သွားရောက်ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ကျွန်းလှမြို့နယ် တာဝန်ခံသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၅)ရက်နေ့ နံနက်(၀၈;၃၀)နာရီ အချိန်တွင် ကျွန်းလှ မြို့နယ်၊ စံပြကျေးရွာ အလယ်တန်းကျောင်းတွင် စားသုံးသူအကာအကွယ်ပေးရေး အသိ ပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။

၆.၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် မွန်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မော်လမြိုင်ပညာရေးဒီဂရီကောလိပ်နှင့် အစိုးရစက်မှု လက်မှုသိပ္ပံကျောင်းတို့ရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် အဆောင်နေ ကျောင်းသား၊ ကျောင်းသူများကို သက်သာသောဈေးနှုန်းဖြင့် အခြေခံစားကုန်များ ရောင်းချရာတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၄.၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၊ ပြည်တွင်ကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့်သုတေသနဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်ငြိမ်းမြတ် ကျော်နှင့် ဝန်ထမ်းများသည် ကျိုက်ထိုမြို့နယ်၊ ကော့ဘိန်းကျေးရွာရှိ “အောင်ဦး” အထပ်သား စက်ရုံမှ တာဝန်ရှိသူနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
