သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
06 Feb 2025

             စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် (၅.၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် သနပ်ပင်မြို့အတွင်းရှိ လက်လီ/လက်ကား ရောင်းချနေသောဆန်ဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

06 Feb 2025

               ဖျာပုံမြို့ စည်ပင်သာယာရေး ဈေးခေါင်းရုံးတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် ကုန်စုံဆိုင်အပါအဝင် ဈေးသူ/သား (၂၆) ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာများ  အသိပညာပေး ဟောပြော ခဲ့ကြောင်းသိရသည်။

06 Feb 2025

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးမင်းဇော်သည် နှစ်စဉ်နှစ်တိုင်းကျင်းပလျက်ရှိ‌သော (အ.ထ.က-၁) ကျောင်းရှိ မြို့နယ်အဆင့် ဆင့်ပွားနည်းပြသင်တန်းကျောင်း၌ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့ နံနက် (၁၄:၀၀)နာရီတွင်ဆရာ/ဆရာမ(၈၂)ဦးအား   စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော ခဲ့သည်။                                                                                                                                              

06 Feb 2025

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် နှစ်စဉ်နှစ်တိုင်းကျင်းပလျက်ရှိ‌သော (အ.ထ.က-၁) ကျောင်းရှိ မြို့နယ်အဆင့် ဆင့်ပွားနည်းပြသင်တန်းကျောင်း၌ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့ နံနက် (၁၁:၀၀)နာရီတွင်ဆရာ/ဆရာမ(၆၀)ဦးအား   စားသုံးသူကာကွယ်ရေး အသိ ပညာပေး ဟောပြောခဲ့သည်။                                                                                                                                              

06 Feb 2025

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့ရှိ ပြန်ဆက်ရုံး၌ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် Online Sale နှင့် ပတ်သက်၍  စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရပါသည်။

Pages