သတင်းနှင့် လှုပ်ရှားမှုများ
၄.၂.၂၀၂၅ ရက်နေ့တွင် သထုံမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ သထုံမြို့နယ်၊ အောက်ကျင်းရပ်ကွက်၊ ဘူတာလမ်း၊ ဓမ္မမေဒနီ ဘုန်းကြီးကျောင်းရှိ အသုံးလုံးသင်ကြားနေသော သက်ကြီးရွယ်အိုများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ချက်အရ မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီပါ အဖွဲ့ဝင်များဖြစ်ကြသော၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ အဖွဲ့ဝင်များလိုက်ပါ၍ (၅.၂.၂၀၂၅) ရက်နေ့ နံနက် (၁၂:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီဌာန၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၅.၂.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြည်မြို့နယ်၊ နဝင်းရပ်ကွက်ရှိ ဝါရုံအခြေခံ ပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော ဆွေးနွေးပွဲကျင်းပခဲ့ကြောင်းသိရသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူး၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ မြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူတို့သည် (၅.၂.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၂:၃၀)နာရီအချိန်တွင် တောင်ငူမြို့ပေါ်ရှိ စားအုန်းဆီ လက်လီ/လက်ကားရောင်းချနေသော ကုန်စုံဆိုင်များအား သွားရောက်ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများသည် ဈေးကွက် အတွင်းရောင်းချနေသော ကုန်ပစ္စည်းများနှင့်ဆေးဝါးများ ဝယ်ယူသုံးစွဲကြသည့် စားသုံးသူများ ထိခိုက်နစ်နာမှုများ မဖြစ်ပေါ်စေရေးအတွက် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိရာ မိတ်ဖက်ဌာနများက ဈေးကွက်အတွင်းကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးနိုင်ပါရန် ညှိနှိုင်းလာပါကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါသည်။
