
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့၊ ၁၂း၀၀ နာရီအချိန်တွင် မြိတ်မြို့၊ ရွှေပြည်တန်ရပ်ကွက်ရှိ မြိတ်အဝေးကားဝင်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ စီစဥ်မှုဖြင့် Myanmar Oil Alliance Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၆၀)ပေပါကို ယာဥ်မောင်း ဦးခင်အေးဇော်၊ ယာဥ်အမှတ် 8I-6758 (Nissan) မော်တော် ယာဥ်ဖြင့်လည်းကောင်း၊ Global Good Pure Co,Ltd မှ စားအုန်းဆီ (၇၈) ပေပါအား ယာဥ်မောင်း ဦးသိန်းအေး၊ ယာဉ်အမှတ် 9C-9502(Nissan Diesel) မော်တော်ယာဉ်ဖြင့်လည်းကောင်း တင်ဆောင် ၍ အသီးသီးရောက်ရှိလာရာ မြိတ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်စစ်ဆေးပြီး ရောက်ရှိ လာသော စားအုန်းဆီစုစုပေါင်း (၁၃၈) ပေပါအား ကုမ္ပဏီ၏ လက်ကားအရောင်းကိုယ်စားလှယ်မှ တစ်ဆင့် မြိတ်မြို့ရှိ ဒေါ်တင်တင်မြတ်၏ Top Trading ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၄၄ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအားရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
