သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
06 Feb 2025

          စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၄.၂.၂၀၂၅)ရက်နေ့ နံနက် (၁၁:၀၀) အချိန်တွင် ဇလွန်မြို့၊ ဒူးယားလမ်း၊ လမ်းမတော်(မ)ရပ်ကွက်ရှိ မြို့နယ် ပဲ၊နှမ်းအသင်းကုန်စည်ဒိုင်၌ ပြည်သူ(၄၅)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများကိုဆောင်ရွက်ခဲ့ပါ သည်။

06 Feb 2025

          စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း ၍ (၄.၂.၂၀၂၅)ရက်နေ့၊နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ် ၊ နတ်မော်လမ်းရှိ အမှတ်(၅) အခြေခံပညာအထက်တ်းကျောင်း၌ စဉ်ဆက်ပညာရေးလုပ်ငန်း၊ မြို့နယ်အဆင့် နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနား၌ ဆရာ၊ဆရာမ (၉၈)ဦးအား စားသုံးသူ ကာကွယ်ရေး ဥပဒေနှင့်ပတ်သက်၍ သင်တန်းပို့ချ ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

06 Feb 2025

          စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၄.၂.၂၀၂၅)ရက်နေ့ နေ့လည်(၁၄:၃၀) အချိန်တွင် အမှတ်(၁)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းရှိ ငုရွှေဝါခန်းမတွင် ၂၀၂၅ခုနှစ် စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့်နည်းပြသင်တန်းတွင် ဆရာ/ဆရာမ(၈၈)ဦးအား စားသုံးသူ ကာကွယ်ရေးဥပဒေ၊ အွန်လိုင်းမှတစ်ဆင့်ဝယ်ယူခြင်းနှင်စပ်လျဉ်း၍ သိကောင်းစရာများအကြောင်း အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

06 Feb 2025

             စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၃.၂.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ်၊သပြေကုန်းကျေးရွာ၊ အမှတ်(၃)ရပ်ကွက်ရှိ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဌ ဦးမျိုးတင့်နှင့်တွေ့ဆုံ၍ အသင်းမှ လက်ရှိလှုပ်ရှားဆောင်ရွက်နေမှု များအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

06 Feb 2025

          စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတမြို့နယ်ဦးစီးမှူးသည် (၃.၂.၂၀၂၅)ရက်နေ့ နေ့လည် (၁၄:၃၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍  ဟင်္သာတမြို့၊နတ်မော်လမ်း၊ ပဒေသာ ဈေးအတွင်းရှိ ဈေးတာဝန်ခံရုံး၌   ဟင်္သာတမြို့နယ်မှ စားအုန်းဆီခွဲတမ်းရ လက်လီအရောင်း ဆိုင်လုပ် ငန်းရှင်များအား စနစ်တကျ   ဖြန်ဖြူးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

Pages