
စားသုံးသူရေးရာဦးစီးဌာန၊ ပဲးခူးတိုင်းဒေသကြီး၊တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်အောင်သည် မေ လ ၂၄ ရက်နေ့ နေ့လည်ပိုင်းတွင် တောင်ငူခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ တောင်ငူခရိုင် ဆီကုန်သည် နှင့်ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌနှင့် ဆီကုန်သည်များအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုတွေ့ဆုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီးဦးစီးမှူးမှ အမှတ်တံဆိပ်ပါ စားသုံးဆီများရောင်းချ ရာတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့် စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ တို့နှင့်အညီ ကုန်အညွှန်းအမှတ် အသား များ ပြည်စုံစွာဖော်ပြရန် လိုအပ်ပုံများ၊ ရည်ညွှန်းဈေးဖြင့် ဝယ်ယူခွင့်ရရှိသည့် စားသုံးဆီများအား ညွှန်ကြားချက်နှင့်အညီ အလေးချိန်မှန်၊ အရည်အသွေးမှန်ကန်စွာဖြင့် စားသုံးသူ ပြည်သူများ လက်ဝယ် အရောက် ရောင်းချနိုင်ရေး ဆောင်ရွက်ရန်လိုအပ်ပုံများ၊ စားသုံးဆီအပါအဝင် စားသုံးကုန် ပစ္စည်းများအား ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက် ဖြင့် သိုလှောင် ခြင်းမပြုရန် လိုအပ်ပုံများ ကို ရှင်းလင်းဆွေးနွေးပါသည်။
ထို့နောက် တိုင်းဒေသကြီးဦးစီးမှူးသည် တက်ရောက်လာသည့် ဆီကုန်သည်များ၏ ဆွေးနွေး ချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ စားသုံးဆီ လက်လီလက်ကား ရောင်းချသူ (၅၀) ဦးခန့်တက်ရောက်ကြောင်း သိရပါသည်။
DOCA(ပဲခူး)
