သတင်းနှင့် လှုပ်ရှားမှုများ
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၁၀.၁၁.၂၀၂၂ ရက်နေ့တွင် မွန်ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မုဒုံမြို့နယ်၊ မြို့မဈေးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၉.၁၁.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့၊ ခေတ်ဦးရိုးရာအဝတ်အထည်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် (၈.၁၁.၂၀၂၂) ရက်နေ့တွင် ဘီးလင်းမြို့၊ ဘိုးလှကြီးရပ်ကွက်ရှိ အခြေခံလူသုံးကုန်စည်၊ စားသောက်ကုန်စည်များရောင်းချလျက်ရှိသော Nation Mark (Super One holding Co;ltd) သို့သွားရောက်၍ ဈေးကွက်စုံစမ်းထောက်လှမ်းမှုပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းက ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ တောင်ငူမြို့မှ ဆီကုန်သည်များနှင့် တွေ့ဆုံ၍ စားအုန်းဆီလက်လီလက်ကား ဝယ်ယူခွင့်ရရှိသည့် ကုန်သည်များအနေဖြင့် ရန်ကုန် အထိုင် ရည်ညွှန်းလက်ကားဈေးအပေါ် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ထပ်ပေါင်း၍ ၂ ရာခိုင်နှုန်း အမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ရောင်းချနိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရန်ကိုလည်းကောင်း၊ စီးပွားရေးလုပ်ငန်းများ
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် နိုဝင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို Talk Show အစီအစဉ်ဖြင့် ဆွေးနွေးခဲ့ပါသည်။