သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မြို့နယ်တာဝန်ခံသည် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစွာဝယ်ယူသုံးစွဲနိုင်ရေးရည်ရွယ်၍ ၂၀၂၄ခုနှစ်၊ မေလ (၂)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် သာပေါင်းမြို့နယ်၊ အသေးစားဆီစက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ လုပ်ငန်းရှင်အသိပညာပေးဆွေးနွေးမှုများပြုလုပ်ာခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် စားသုံးသူများအား ဆန်ဈေးနှုန်းများ ဈေးနှုန်းမြင့်တင်ရောင်းချမှုရှိ/ မရှိကို ၂၀၂၄ခုနှစ်၊ မေလ (၈)ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် ပူးပေါင်းအဖွဲ့များဖြင့် ငပုတောမြို့နယ်၊ မြို့မဈေးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပုသိမ်ခရိုင်ဦးစီးမှူးနှင့် ကျုံပျော်မြို့နယ်တာဝန်ခံသည် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစွာဝယ်ယူသုံးစွဲနိုင်ရေးရည်ရွယ်၍ ၂၀၂၄ခုနှစ်၊ ဧပြီလ (၂)ရက်နေ့၊ နေ့လယ် (၁၂:၃၀) နာရီအချိန်တွင် ကျုံပျော်မြို့နယ်၊ ရေကြည်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်များ၏ ဆီထုတ်ကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ လုပ်ငန်းရှင်အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။


မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်းကာ (၇-၅-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့၊ ပတ္တမြားဈေး အတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့သွားရောက်၍ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဈေးကွက်အတွင်းမှ ဘေးအန္တရာယ်ရှိသော ကုန်စည်များပပျောက်စေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ
