သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
22 Nov 2022

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးစောသန်းထိုက်ကျော်နှင့် မြို့နယ်တာဝန်ခံ ဦးမြင့်သူတို့သည် နိုဝင်ဘာလ ၁၈ ရက်၊ နေ့လယ် (၁) နာရီခန့်အချိန်တွင် တောင်ငူမြို့  ပွတ်စုအခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသားကျောင်းသူများအား စားသုံးကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

22 Nov 2022

           အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ်(၉.၁၁.၂၀၂၂)ရက်နေ့မှ ယခုအပတ် (၁၅.၁၁.၂၀၂၂)ရက်နေ့အတွင်း (၄၅)ပိဿာဝင်(၁)အိတ်လျှင် နှမ်းနီမှာ ကျပ်(၂၃၀၀၀၀)တို့ဖြင့် ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ   နှမ်းနက်(စမုံ) ယခင်အပတ် ကျပ်(၂၆၅၀၀၀)ယခုအပတ် ကျပ်(၂၆၀၀၀၀) ဖြစ်၍ ကျပ်(၅၀၀၀)ဈေးနိမ့် ၊ နှမ်းဖြူ ယခင်အပတ် ကျပ်(၂၅၀၀၀၀)ယခုအပတ် ကျပ်(၂၄၅၀၀၀)ဖြစ်၍ ကျပ်(၅၀၀၀)ဈေးနိမ့်၊ နှမ်းပြာယခင်အပတ် ကျပ်(၂၂၅၀၀၀) ယခုအပတ်ကျပ်(၂၂၀၀၀၀)ဖြစ်၍ ကျပ်(၅၀၀၀)ဈေးနိမ့်ပြီး အရောင်းအဝယ်ပမဏ အနေဖြင့်  နှမ်းနက် (စ

22 Nov 2022

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံ ဦးလေးလွင်သည် အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၁.၁၁.၂၀၂၂) ရက်နေ့ နံနက်(၁၁;၀၀)နာရီက အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာ အထကဘုရားကြီးကုန်းကျောင်း တွင်  ဆရာ/ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ် ရေးအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

22 Nov 2022

        တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ သိသင့်သိထိုက်သည့်အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်ပြီး အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက ဖြူးမြို့နယ် ၊ ဇေယျဝတီမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

22 Nov 2022

    စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့နယ် ဇေယျဝတီမြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ(၂)တွင် ကျောင်းသား/ကျောင်းသူ ၁၄၅ ဦးတို့အား စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

Pages