သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ပြုလုပ်ထားသော ကုမ္ပဏီများအနက် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ခွင့်ပြုပြီး သက်တမ်း(၂)နှစ်နှင့် အောက်ရှိသော မြန်မာကုမ္ပဏီများအား မြေပြင်တွင် အမှန်တကယ်လုပ်ငန်း ဆောင်ရွက်မှုရှိ/မရှိကို စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံနှင့် သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးတာဝန်ခံတို့သည် (၁၁/၂၀၂၂)လအတွင်း ကွင်းဆင်းစ
ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် (၁၄.၁၁.၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ချောင်းဖျားကျေးရွာ အမေ့သားဂုဏ်ရောင် ဆန်စက်ပိုင်ရှင် ဦးဝင်းမြင့်အောင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များနှင့်ဟင်းသီးဟင်းရွက်အရောင်းဆိုင်များအား (၁၄.၁၁.၂၀၂၂)ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် စားသုံး သူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသပ်တပ်ဖွဲ့၊ ဆေးဝါးကွက်ကဲရေးဦးစီးဌာန FDA တို့နှင့်ပူးပေါင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း များဆောင်ရွက်ခဲ့ပါ သည်။
( ၁၆.၁၁.၂၀၂၂ ) ရက်နေ့တွင် ကလေးခရိုင်ဦးစီးမှူးရုံး နယ်မြေအတွင်းရှိ မော်လိုက်မြို့နှင့် ဟုမ္မလင်းမြို့များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့ (၁၄.၁၁.၂၀၂၂)ရက်နေ့ နေ့လည် (၁၃:၃၀) အချိန်တွင် ထန်းပင်ကုန်းကျေးရွာအုပ်စုရှိ အ-မ-က(မူလွန်) ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ (၁၂၆)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါ သည်။