သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
22 Nov 2022

        ၂၀၂၂-၂၀၂၃ ခုနှစ် ပဲစိုက်ပျိုးရာသီတွင် ဥရောပသမဂ္ဂနိုင်ငံများသို ပဲပင်ပေါက်ဖောက်ရန်အတွက် မြန်မာပဲတီစိမ်းများ တင်ပို့နိုင်ရန် မြန်မာပဲများတင်ပို့နိုင်ရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အစည်းအဝေးအား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်၊ နေ့လယ် (၁၄:၀၀)နာရီတွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ(ဒုတိယထပ်) ၌ ကျင်းပပြုလုပ် ခဲ့ရာ အစည်းအဝေးသို့ မြန်မာပဲများတင်ပို့နိုင်ရေး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန

22 Nov 2022

            ( ၁၈.၁၁.၂၀၂၂ )  ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊  ညောင်လေးပင်ခရိုင်၊  ညောင်လေးပင်မြို့နယ် ၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းကာ လူကုန်ကူးမှု အန္တရာယ်တားဆီးကာကွယ်ရေးနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

22 Nov 2022

      စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့၊ အမှတ်(၂)၊ အခြေခံပညာအလယ်တန်းကျောင်းတွင် ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ (၁၆)ရက်နေ့၌ မြို့နယ်တာဝန်ခံဦးမျိုးအောင်သည် ကျောင်း သား/ကျောင်းသူ (၄၀)ဦးနှင့် ဆရာ/ဆရာမ(၅)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟော ပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

22 Nov 2022

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ရီရီရှိန်နှင့်ဝန်ထမ်းများသည် နိုဝင်ဘာလ ၁၅.၁၁.၂၀၂၂ ရက်မှ ၁၆.၁၁.၂၀၂၂ ရက်တို့တွင် ကျေးလက်နေပြည်သူများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဖုန်းဆိုးကျေးရွာအုပ်စု ဖုန်းဆိုး ကျေးရွာ၊ ကျွန်းကုန်းကျေးရွာအုပ်စု၊ ကျွဲဘိကျေးရွာများတွင် ဌာနဆိုင်ရာပေါင်းစုံဝန်ထမ်းများမှ စုပေါင်း၍ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး သင်တန်းများ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

22 Nov 2022

          ဖျာပုံခရိုင်၊ဘိုကလေးမြို့နယ်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့များဖြစ်သော မြို့နယ် ထွေ/အုပ်၊ စားသုံးသူရေးရာ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်တွင်းအခွန်၊ စိုက်ပျိုးရေး၊ မြို့နယ်စည်ပင်သာယာ ရေး၊ဌာနတို့ပူး၍ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ(၁၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့ပေါ် ရပ်ကွက်နှင့် မြို့မဈေးအပြင်တန်းရှိ ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

Pages