သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
22 Nov 2022

       မကွေးတိုင်းဒေသကြီး၊စားသုံးသူ‌‌ရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ (လက်ထောက် ညွှန်ကြားရေးမှူး)၊ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း (မကွေးမြို့နယ်တာဝန်ခံ)နှင့် ခရိုင်ရုံးဝန်ထမ်းများသည် (၁၁.၁၁.၂၀၂၂)ရက်နေ့ နံနက် (၁၀း၁၅)နာရီတွင် မကွေးမြို့၊ ပြည်တော်သာလမ်းရှိ 21 MART ကုန်စုံဆိုင်အား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

22 Nov 2022

          စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူ (စစ်ဆေးရေးမှူး)နှင့် ဒုတိယဦးစီးမှူး ဦးနေစိုးထက်တို့သည် နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့ မြို့မဈေးအတွင်း ကုန်စုံဆိုင်များ၌ရောင်းချလျက်ရှိသော စည်သွတ်အစားအစာများ၌ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိကို စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

22 Nov 2022

      စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်သည် နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ အုတ်တွင်းမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ပြုလုပ်သည့် အသိပညာပေးဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

22 Nov 2022

         မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်း/ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်ချက်ဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းသည် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်လာစေရန် ရည်ရွယ်၍ နိုဝင်ဘာလ(၁၄)ရက်နေ့ ၊ နံနက်(၁၀:၀၀) အချိန်တွင် ဆိပ်ဖြူမြို့ အလယ်ပိုင်းရပ်ကွက်ရှိ ဦးနှင်းလွင် ပဲကြော်လုပ်ငန်းနှင့် ပဲလွှာဝင့်ပဲကြော်လုပ်ငန်း ဖြန့်ဖြူးရောင်းချသေ

22 Nov 2022

     မကွေးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တာဝန်ခံသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို(Community Center) ခန်းမ၌ (၁၁.၁၁.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ပါသည်။

Pages